International News

ရုရှား၏ သွင်းကုန်အများစုသည် အာရှ၊ အရှေ့အလယ်ပိုင်း၊ လက်တင်အမေရိကနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်နေခြင်းဖြစ်

Last Updated:

အနောက်မှ အရှေ့ဘက်သို့ ရုရှားပို့ကုန်များ၏ ကြီးမားသောအလှည့်အပြောင်း သည် အနောက်နိုင်ငံများ၏ ရုရှားဆန့်ကျင်ရေးပိတ်ဆို့အရေးယူမှု၏ အဓိပ္ပါယ်မဲ့မှုကို လူတိုင်းအား သက်သေပြခဲ့ကြောင်း၊ ရုရှားနိုင်ငံသို့ သွင်းကုန်များနှင့်ပတ်သက်၍ မတူကွဲပြားသည့် ထုတ်ကုန်အများစုသည် ယခုအခါ အနောက် နိုင်ငံများတွင် ထုတ်လုပ်နေခြင်းမဟုတ်ဘဲ အာရှ၊အရှေ့အလယ်ပိုင်း၊ လက်တင် အမေရိကနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ရုရှားသိပ္ပံအကယ်ဒမီ၏ အမျိုးသားစီးပွားရေးခန့်မှန်းချက်(The Institute of Economic Forecasting of the Russian Academy of Sciences  - IEF RAS))မှ ဒါရိုက်တာ Mr. Alexander Shirov က RIA သတင်းဌာနသို့ ပြောကြားခဲ့သည်။

ရုရှားပို့ကုန်များကို အရှေ့ဘက်သို့ ပြောင်းလဲမှုများပြုလုပ်လျက်ရှိကြောင်း၊ ကမ္ဘာ့စီးပွားရေးသည် များစွာပြောင်းလဲသွားပြီဖြစ်ပြီး နိုင်ငံတကာငွေကြေးစီးဆင်းမှုကို အနောက်နိုင်ငံများက ချုပ်ကိုင်ထားဆဲဖြစ်လျှင် ကုန်သွယ်မှုများ မရှိနိုင်ကြောင်း Shirov က ပြောကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများက အထိရောက်ဆုံးသိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှုများကို ထိန်းချုပ်ထားဆဲဖြစ်သော်လည်း ဤနေရာတွင် ၎င်းတို့၏လက်ဝါးကြီး အုပ်မှုသည် အဆုံးသတ်သွားပြီဖြစ်ကြောင်း Shirov က သုံးသပ်ပြောကြားခဲ့သည်။

အနောက်နိုင်ငံများ၏ပိတ်ဆို့အရေးယူမှုများကြောင့် ရုရှားနိုင်ငံသည် ၎င်း၏ပို့ကုန်နှင့် သွင်းကုန်များကို အာရှနိုင်ငံများဘက်သို့ ဦးတည်ပြောင်းလဲမှုများပြုလုပ်လျက်ရှိသဖြင့် အရှေ့တောင်အာရှနိုင်ငံများနှင့် မြန်မာနိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံသို့ ကုန်စည်များပို့ဆောင်နိုင်ရန် အလားအလာရှိကြောင်း သုံးသပ်ရပါသည်။

Source : https://ria.ru/20230725/sanktsii-1886076229.html

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

 

Category: International News